ဆလေးရှင်းအသင်းဂိုဏ်းအတွင်း၌ သီတင်းသုံးနေကြသည့် ဘုန်းတော်ကြီးများနှင့် ကိုရင်ကြီးများတို့သည် မတူညီသောပုံစံများဖြင့် ဆလေးရှင်းခေါ်တော်မူခြင်းကို ခံစားခဲ့ရပြီး ဘဝတစ်ခုလုံးပေးဆပ်ကြသည်အထိ ထိုခေါ်သံကို ရဲရင့်ပြတ်သားစွာ တုံ့ပြန်နိုင်ခဲ့ကြသည်။ သူတို့၏ခေါ်တော်ခြင်းခံစားရရှိပုံများကို ကြည့်ရင်း မိမိ၏ဘဝကိုလည်း ပြန်လည်သုံးသပ်ပြီး ဘုရားသခင်အတွက် မည်ကဲ့သို့ ပေးဆပ်နိုင်မည်နည်း ဟုသည့်မေးခွန်းကို ဘဝနှင့်ရင်းပြီး ဖြေကြားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။