DonBosco

family (မိသားစုကဏ္ဍ)

မိသားစုအခန်းကဏ္ဍသည် လူသားတစ်ဦး၏ရှင်သန်တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် အထူးဂရုစိုက်၊ ပုံသွင်းတည်ဆောက်တတ်ဖို့ လိုအပ်ပါသည်။ မိသားစုတိုင်းတွင် ကြီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကိုယ်ကျင့်သိက္ခာ စသည့်အဖက်ဖက်ပြည့်စုံပါမှ ကျွန်ုပ်တို့လူ့အသိုင်းအဝန်းသည်လည်း ဖွံ့ဖြိုးတိုးတက်သည်ဟု ခေါ်ဆိုနိုင်ပါမည်။ ထို့ကြောင့်  လက်ရှိမိဘဖြစ်နေသူများ နှင့် တစ်နေ့တစ်ရက်မှာ မိဘတာဝန်များကို ထမ်းဆောင်ရမည့် လူငယ်မောင်မယ်များအတွက် ရည်ရွယ်လျှက် မိသားစုကို တည်ဆောက်ရာ၌ တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုစေမည့် အတွေးအခေါ်များ (သို့) နည်းလမ်းကောင်းများကို  ဤကဏ္ဍတွင် စီစဉ်တင်ဆက်ထားပါသည်။