Salesian Bulletin (ဒွန်ဘော့စကိုစာစောင်) ကို ဒွန်ဘော့စကို ကိုယ်တိုင်က ၁၈၇၇ခုနှစ်တွင် စတင်ထူထောင်ပြီး ပုံနှိပ်ထုတ်ဝေစေခဲ့ပါသည်။ လာမည့် ၂၀၂၇ခုနှစ်ရောက်လျှင် ဤစာစောင်၏သက်တမ်း(၁၅၀)ပြည့်နှစ် အထိမ်းအမှတ်ဂျူဘီလီပွဲကြီး ကျင်းပပါတော့မည်။
အတိုချုပ်ပြောရလျှင် ဤစာစောင်တွင် ဒွန်ဘော့စကို၏အလိုဆန္ဒအရ အဓိကကဏ္ဍ(၂)ခုဖြစ်သည့် ပုံသွင်းဆောက်တည်ခြင်း (Formation) နှင့် သတင်းအချက်အလက်ဝေမျှခြင်း (Information) တို့ ပါဝင်ပါသည်။ သတင်းဝေမျှခြင်းအပိုင်းတွင် ဆလေးရှင်းမိသားစုကမ္ဘာနှင့် အသင်းတော်ကြီးတစ်ဝှမ်းတွင် ဖြစ်ပျက်နေသည့် အရေးကြီးသည့် သတင်းများကို ဝေမျှပေးရန် ရည်ရွယ်ပြီး Formation အပိုင်းတွင် ဆလေးရှင်းမိသားစုစိတ်ဓါတ်များ ဆက်လက်ရှင်သန်ဖို့ရန် ရည်ရွယ်လျှက် အဖဒွန်ဘောစကိုက ရေးသားထုတ်ဝေစေခဲ့ပါသည်။
ထို့ကြောင့် ဤစာစောင်သည် သာမန်စာစောင်ကဲ့သို့မဟုတ်ဘဲ တစ်မူထူးခြားလို့ နေပါသည်။ အဘယ်ကြောင့်ဆိုသော် စာစောင်ထဲတွင် ပုပ်ရဟန်းမင်းကြီး၊ ဆလေးရှင်းအကြီးအကဲ၊ မယ်တော်သခင်မ၊ ရဟန္တာများ၊ ဒွန်ဘောစကို၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ လူငယ့်ရေးရာ၊ ကိုယ်ကျင့်သိက္ခာ၊ ခေါ်တော်ခြင်းနှင့် ဆလေးရှင်းမိသားစုသတင်းများ စသည့်အကြောင်းအရာများ စုံလင်စွာ ထည့်သွင်းထားခြင်းကြောင့်ပင် ဖြစ်သည်။
အားပေးသည့်အနေဖြင့် ဝယ်ယူဖတ်ရှုကြဖို့ရန် တိုက်တွန်းနိုးဆော်ပါရစေ…